Calcium

ကယ်လ်ဆီယမ်ဓာတ် နှင့် ကျန်းမာရေး

ကျွန်ုပ်တို့ခန္ဓာကိုယ်ဟာ နေ့တဓူဝ လှုပ်ရှားသွားလာဖို့အတွက် အရိုး နဲ့ အဆစ်များ သန်မာဖို့ အရေးကြီးပါတယ်။ ကယ်လ်ဆီယမ်ဟာ အရိုးနဲ့ သွားများကျန်းမာရေးအတွက် အရေးကြီးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါတင်မက သွေးတိတ်ခြင်း၊ နှလုံး၊ ကြွက်သားများ နှင့် အာရုံကြောများ အလုပ်ကောင်းကောင်းလုပ်ဖို့လည်း အထောက်အကူပြုပါတယ်။ ကိုယ်ခန္ဓာကနေ ကယ်လ်ဆီယမ် စုပ်ယူဖို့အတွက် ဗီတာမင်ဒီက အကူအညီပေးပါတယ်။

ခန္ဓာကိုယ်ထဲက ကယ်လ်ဆီယမ်ဓာတ် ၉၉% ကို အရိုး နှင့် သွားများထဲမှာ သိုလှောင်ထားပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် သွေးထဲမှာ ကယ်လ်ဆီယမ်ဓာတ် လျော့နည်းလာတဲ့အခါ အရိုးထဲက ထုတ်ပေးနေတာကြောင့် လတ်တလောမှာ ထင်ရှားတဲ့ လက္ခဏာများမပြသော်လည်း ရေရှည်မှာ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့လာမယ်ဆိုရင်တော့ ဆိုးကျိူးများကို ဖြစ်ပွားစေပါတယ်။ ကယ်လ်ဆီယမ် ချို့တဲ့ခြင်းဟာ အဖြစ်များတဲ့ပြသနာ တစ်ခုလည်း ဖြစ်ပါတယ်။

ကယ်လ်စီယမ်ချို့တဲ့ တဲ့အခါ ဖြစ်ပေါ်တတ်သော လက္ခဏာများ-

  • ကြွက်သားများနာခြင်း ၊ ကြွက်တက်ခြင်း
  • လက်သည်း ခြေသည်းများ ကြွပ်ဆက်ခြင်း
  • မကြာခဏ ပင်ပန်းနွမ်းနယ်ခြင်း
  • သွေးတိုးခြင်း
  • ခြေချောင်း လက်ချောင်းများ ထုံကျင်ခြင်း
  • သွားအပေါ်ယံလွှာပါးလာခြင်း
  • နှလုံးခုန်နှုန်း မမှန်ခြင်း
  • အရိုးများကျိုးလွယ်ခြင်း 

ကလေးများတွင် ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့ပါက

  • အရိုးပျော့ရောဂါ 
  • ကြီးထွားမှု ရပ်တန့်ခြင်း 
  • ကြွက်သားများ အားနည်းခြင်း 
  • အရိုးအဆစ်များ နာခြင်း 
  • အရပ်ပုခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။

ကယ်လ်ဆီယမ်ဓာတ်ကို နည်းစေသော အကြောင်းရင်းများ

  • နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ ကယ်လ်ဆီယမ်ဓာတ် နဲ့ ဗီတာမင် ဒီ တို့လုံလောက်စွာမပါခြင်း
  • စိတ်ဖိစီးခြင်း၊ စိုးရိမ်သောကများခြင်း
  • ကျောက်ကပ်ရောဂါရှိခြင်း
  • နာတာရှည်အသည်းရောဂါရှိခြင်း
  • ကယ်လ်ဆီယမ်ဓာတ် စုပ်ယူခြင်းကိုလျော့ကျစေနိုင်တဲ့ ဆေးများသောက်ခြင်း (ဥပမာ-အတက်ရောဂါအတွက်ဆေးများ)
  • ပါရာသိုင်းရွိုက်ရောဂါအားနည်းသည့်ရောဂါဖြစ်ခြင်း (hypoparathyroidism) 
  • သွေးထဲတွင် မက်ဂနီဆီယမ်ဓာတ် များခြင်း (ဥပမာ - မက်ဂနီဆီယမ်ဓာတ်ပါသော ဝမ်းပျော့ဆေးများ စွဲသောက်ခြင်း) သို့မဟုတ် အလွန်နည်းခြင်း၊ ဖော့စဖိတ်ဓာတ် များခြင်း
  • အသက်အရွယ်အိုမင်းလာခြင်း
ကယ်လ်ဆီယမ်ဓာတ်    လိုအပ်ချက်ဥ အသက်အရွယ်ပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အထူးသဖြင့် ကလေးများနှင့် ကြီးကောင်ဝင်စအရွယ်တွင် လည်းကောင်း၊ အသက် ၅၀ နှင့်အထက်လူကြီးများတွင် ပိုပြီး လိုအပ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကယ်လဆီယမ်ဓာတ်ကို စုပ်ယူမှုအားမှာလည်း တနေ့တခြား လျော့နည်းလာပါတယ် ။

တနေ့တာအတွက် ကယ်လ်ဆီယမ်ဓာတ် လိုအပ်ချက်များ-
မွေးစမှ - ၆ လအထိ     -   200 mg
၆လမှ - ၁၂ လအထိ     -  260 mg
၁ နှစ်မှ -  ၃ နှစ် အထိ   -  700 mg
၄ နှစ်မှ -  ၈ နှစ်အထိ    -  1000 mg
၉ နှစ်မှ - ၁၈ နှစ်အထိ   -   1300 mg (ကိုယ်ဝန်ဆောင် မိခင် - 1300 mg)
၁၉ နှစ်မှ - ၅၀ နှစ်အထိ  - 1000 mg  (ကိုယ်ဝန်ဆောင် မိခင် - 1300 mg)
အသက် ၅၀ နှင့် အထက်  - 1200 mg တို့ဖြစ်ပါတယ်

ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့မှုကို ကာကွယ်ဖို့ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေကို လုံလောက်စွာ စားပေးသင့်ပါတယ်။ ကယ်လဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ တို့ဖူး၊ ချိစ်၊ နို့နဲ့ နို့ထွက်ပစ္စည်းများ၊ အစေ့အဆံများ၊ ဆယ်မွန်ငါး၊ ဗာဓံစေ့၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ငါးအသေးလေးများ၊ ငါးသေတ္တာငါး၊ ကိုက်လန်၊ ကန်စွန်းရွက်၊ ရုံးပတီသီး၊ အုန်းသီးအသား၊ ထောပတ်သီး၊ ပဲပိုးတီ၊ ဟင်းနုနွယ်၊ ကညွတ် တို့ဖြစ်ပါတယ်။  နေ့စဉ်စားသော အစားအစာများထဲမှ အဓိက ရရှိသော်လည်း မလုံလောက်ပါက ကယ်ဆီယမ် ဖြည့်စွက်အားဆေးများကို မိမိတို့၏ လိုအပ်ချက်အရ သောက်သုံးနိုင်ပါတယ်။ တချို့လေ့လာမှုများမှာတော့ ကယ်လဆီယမ် ပိုသောက်ပါက နှလုံးရောဂါဖြစ်ပွားမှုကို ပိုစေနိုင်သည်ဟု တွေ့ရှိထားပါသည်။ 

Related Blogs

Collagen

Folic Acid

Ginseng

Vitamin A

Vitamin B12

Vitamin C

Biotin

Glutathione

Vitamin E

American Ginseng

Vitamin K

Iron

Magnesium

Copper

Vitamin D

Astaxanthin

Zinc

Selenium