Vitamin K

ဗီတာမင် ကေ (Vit K) ဆိုတာ ဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တမျိုးဖြစ်ပါတယ်။ Vit K က သွေးခဲခြင်းကို ကူညီပေးတဲ့ ဗီတာမင် ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ကို ဓါတုဗေဒဘာသာမှာတုန်းက K+ လို့ရေးတာမှတ်မိကြမယ်ထင်တယ်။ ပိုတက်ဆီယမ်နဲ့ ဗီတာမင် ကေ နဲ့ မတူဘူးဆိုတာကို သိစေချင်ပါတယ်။ ခုနောက်ပိုင်းမှာ Vit K1, K2 ဆိုပြီးရှိတယ်လို့ သိလာကြပါတယ်။ Vit K1, K2 (၂) ခု စလုံးကို အစားအစာတွေကနေ ရနိုင်ပါတယ်။ ဓါတ်ခွဲခန်းကနေ Vit K3 ဆိုတာကို ထုတ်လုပ်နိုင်ပါတယ်။

Vit K1

Vit K1 ကို အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကနေ အဓိကရပါတယ်။ 

Vit K1 က coagulation ဆိုတဲ့ သွေးခဲခြင်းကို ထောက်ပံ့ပေးတဲ့အထဲမှာပါဝင်တယ်။

Vit K1 လျော့နည်းရင် အနည်းငယ်ခိုက်မိ ရှမိတာကို သွေးထွက်လွယ်မယ်၊ သွေးထွက်ရင်လည်း တော်တော်နဲ့ သွေးမတိတ်တာမျိုးဖြစ်တတ်ပါတယ်။ 

Vit K2

Vit K2 ကတော့ အသားတွေနဲ့ အချဥ်ဖောက်ထားတဲ့ အရွက်၊ ပဲပိစပ်၊ ဒိန်ချဥ်စတာတွေကနေ ရပါတယ်။

Vit K2 က ခန္ဓာကိုယ်ထဲက Calcium ဓါတ်တွေကို ရှိသင့်တဲ့ နေရာမှာရှိစေပြီး မရှိသင့်တဲ့နေရာမှာ မရှိအောင် ဆောင်ရွက်ပေးပါတယ်။ 

ဒါ့ကြောင့် Vit K2 က Calcium ကို အရိုး၊ သွားတွေဆီကို ပို့ပေးပြီး၊ သွေးကြောထဲမှာတော့ မရှိအောင် ဆောင်ရွက်ပေးပါတယ်။ ဒါ့ကြောင့် Vit K2 ဟာ အရိုး နဲ့ သွားများ သန်မာအားကောင်းဖို့အတွက် အရေးပါတဲ့အပြင် နှလုံးသွေးကြောတွေထဲမှာ ကယ်လစီယမ်တွေ စုပုံပြီးမနေအောင် လုပ်ပေးပါတယ်။ 

Vit K ရဲ့ ကောင်းကျိုးများ အနှစ်ချုပ်

  • American Journal of Clinical Nutrition ရဲ့ ဖော်ပြချက်အရ Vit K က ကင်ဆာရောဂါဖြစ်ပွားမှုကို လျော့ကျစေတယ်လို့ ဆိုပါတယ်။
  • အရိုးပွခြင်းကို ကာကွယ်ပေးတယ်၊
  • ထိမိခိုက်မိတဲ့အခါ ကောင်းမွန်စွာသွေးခဲစေတယ်၊
  • နှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်
  • ဦးနှောက်ဆဲလ်တွေအတွက် အရေးပါတဲ့ sphingolipids များ ထုတ်လုပ်မှုမှာ ပါဝင်ပေးပြီး ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုတယ်၊
  • ဆီးချိုရောဂါရှင်တွေမှာ အင်ဆူလင်ဓါတ်မယဥ်ပါးအောင် insulin sensitive ဖြစ်အောင် ကူညီပေးတယ်။သိရမှာကတော့ Vit K က Vitamin ပဲ ဖြစ်တာကြောင့် ရောဂါတခုခုဖြစ်နေတဲ့အခါ သူနဲ့တတ်နိုင်တဲ့အပိုင်းကိုပဲ ကူညီနိုင်ပြီး လုံးဝပျောက်ကင်းဖို့ကတော့ သက်ဆိုင်ရာဆေးဝါးတွေ၊ အစားအသောက်တွေ နဲ့ အပြုအမူအနေအထိုင်တွေ ပြောင်းလဲဖို့ လိုအပ်ပါလိမ့်မယ်။
ဘယ်အချိန်မှာ Vit K ထပ်ဖြည့်သောက်ဖို့လိုမလဲ?
စားတဲ့အစားအစာတွေကနေ Vit K ကို လုံလောက်စွာရနိုင်ပါတယ်။ ဒါပေမယ့် ~
- ဝမ်းအကြိမ်ရေများများ သွားတဲ့အခါ၊
- အစာခြေရည်တွေ ကောင်းကောင်း မထုတ်နိုင်တော့တဲ့အခါ အဆီမှာပျော်တဲ ဗီတာမင်ဓါတ်တွေ ချို့တဲ့တတ်ပါတယ် (ဥပမာ - သည်းခြေအိတ်ထုတ်ထားသူများ)
- နာတာရှည်ကျောက်ကပ်ဆေးနေရသူများ
- ပိုးသတ်ဆေး (ပဋိဇီဝဆေး) တွေကို အချိန်အကြာကြီးစွဲသောက်ရသူတွေမှာလည်း ဗီတာမင်ဓါတ်တွေ ချို့တဲ့နိုင်ပါတယ်။

  • Vit K တစ်နေ့တာလိုအပ်ချက်က 120 mcg (အသက် ၁၈ နှစ်အထက်အတွက်) ဖြစ်ပြီး ငယ်တဲ့ ကလေးတွေမှာတော့ Vit K တနေ့တာလိုအပ်ချက် ပိုနည်းပါတယ်။

Related Blogs

Vitamin D

Folic Acid

Vitamin A

Glutathione

Vitamin E

Astaxanthin

Copper

Vitamin C

Iron

Collagen

Zinc

American Ginseng

Selenium

Calcium

Magnesium

Biotin

Vitamin B12

Ginseng